ရင်တွင်းမိုင်းဗုံးတစ်လုံး….

ချစ်တတ်တဲ့ ငါ့စိတ်ကို ငါ မုန်းတယ်

လွမ်းတတ်တဲ့ ငါ့စိတ်ကို ငါ မုန်းတယ်

ပျော့ညံ့တဲ့ ငါ့စိတ်ကို ငါမုန်းတယ်

ဒေါသထွက်လွယ်တဲ့ ငါ့စိတ်ကို ငါမုန်းတယ်

ခံစားလွယ်တဲ့ ငါ့စိတ် ကို ငါမုန်းတယ်

တစ်ခါတစ်လေကျရင် အသက်ရှင်နေရခြင်း ကိုလည်း ငါ မုန်းချင်တယ်

တစ်ခါတစ်လေကျရင် ပေးဆပ်နေရခြင်းတွေကိုလည်း ငါမုန်းချင်တယ်

တစ်ယောက်တည်း အထီးကျန် လျှောက်ခဲ့ရတဲ့လမ်းမပေါ်က ပြုံးပြနှုတ်ဆက်တဲ့သူတွေကိုလည်း ငါ မုန်းချင်တယ်ကွာ…

ငါ့ဘ၀ ကို ဖန်တီးနေတဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်

အားလုံးရဲ့ အဆုံးစွန်မှာ အမုန်း ဆိုတာကိုပဲ ငါရှာတွေ့နေတယ်

ငါရဲ့ ရှာဖွေမှု အတွက် အကျိုးရလဒ်ဆိုတာ ငါမသိဘူး

ငါရဲ့ အားထုတ်မှု အတွက် အမြတ် ဆိုတာ ငါမရဘူး

ငါက အမြဲတမ်း အရှုံးသမား တစ်ယောက်ပါ

ဒါပေမယ့် တန်ဖိုးရှိတဲ့ အရှုံးသမား ဖြစ်ပါစေ လို့​ သစ္စာပြုရင်း

နောင် သံသရာ ဘ၀မှာ မေတ္တာမီးတို့ နဲ့ လောင်ကြွမ်းသေဆုံးရမယ့် လူတစ်ယောက် မဖြစ်ဖို့ ငါ ဆုတောင်းမိတယ်။

သာမန်လူတစ်ယောက်ရဲ့ ရိုးသားစွာဖြတ်သန်းတဲ့ အချိန်ကာလအတွင်း

ငါ တစ်ယောက်ထဲ ထူးဆန်းစွာ လမ်းပျောက်နေခြင်းက

ဘာအတွက်လဲ…ဘာကြောင့်လဲ….ဘာလို့လဲ…..

ငါ လုပ်ခဲ့တာတွေအားလုံး က အများ အတွက်ဆိုပြီး ရည်ညွှန်းခဲ့တာပါကွာ

ဒါပေမယ့်

အများ ကတော့ ငါ့ အတွက် ဆိုပြီး ဘာကြောင့်အပြစ်တင်နေကြတာလဲ

ငါ ချစ်ခဲ့တာအားလုံး က သူ့တစ်ယောက်ထဲအတွက်ပါကွာ

ဒါပေမယ့်

သူ ကတော့ ငါ့အတွက် ဆိုပြီး ဘာကြောင့်အပြစ်တင်နေတာလဲ

ငါ့မှာ အဖြေမရှိဘူး….

ငါ ဖြေဖို့ ကြိုးစားတိုင်း မွန်းကြပ်လာတယ်၊ဒေါသထွက်လာတယ်၊ခံပြင်းလာတယ်

ခံစားချက်တို့ အမျိုးမျိုးကြားမှာ ငါ့ကိုငါ လူတစ်ယောက်အဖြစ် ယုံကြည်မှုနည်းလာတယ်

ဒါပေမယ့် ငါ့မှာ အဖြေမရှိဘူး….

ငါ ဖယောင်းတိုင် တစ်တိုင် နဲ့တူချင်တယ်

ပေးဆပ်ဖို့ မျက်ရည်တို့ကျဆင်းရင်းနဲ့ပဲ ငါ သေချင်တယ်

သူရဲကောင်းတစ်ယောက် ရဲ့ မျက်ရည် အဖြစ်နဲ့ပေါ့။

ငါ့မှာ မေးခွန်းတွေ များလွန်းနေပါတယ်

ငါ့မှာ ဖြေရှင်းစရာတွေ များလွန်းနေပါတယ်

ငါ့မှာ လုပ်စရာတွေ များလွန်းနေပါတယ်

ငါ ဘယ်က စလုပ်ရမလဲ ဆိုတာတော့ ငါ မသိဘူး။

ငါ ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာလဲ ငါ မသိဘူး။

နောက်ပြီး ငါ မသိချင်ဘူးကွာ….

လက်ရှိ ငါ အနေနဲ့ လက်ရှိ ငါ ပဲဖြစ်ချင်တယ်…..

(ဒီ ကဗျာလေးက မှတ်မှတ်ရရ ၉.၁၀.၁၂ ရက်မှာ ရေးထားတာပါ။စိတ်တွေ တအားတင်းကြပ်လွန်းလို့ ခံစားချက်တွေကို စာလုံးတွေအဖြစ်နဲ့ ဖောက်ခွဲကြည့်မိတာ..။)

Advertisements

One response to “ရင်တွင်းမိုင်းဗုံးတစ်လုံး….

  1. လက်ရှိငါပဲဖြစ်ချင်တယ်ဆိုရင် မနက်ဖြန်ငါကို ပိုကောင်းအောင်မကြိုးစားတော့ဘူးလားကွ…။ မနက်ဖြန်ငါက လက်ရှိငါထက်တော်ရမယ်… မနေ့ကငါထက် ဒီနေ့ငါက ပိုတော် ပိုအောင်မြင်ရမှာ မဟုတ်ဘူးလား ချာတိတ်ရ…။
    ဘာပဲဖြစ်ဖြစ် မင်းလက်ရာကို အားပေးပါတယ်……….. 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s