ချစ်သား ကောင်း အတွက်

မှန်သော သစ္စာ ကြိမ်များစွာနှင့်

ဗုဒ ရှေ့မှာ ဦးခိုက်ခါဖြင့်

ရင်ဝယ်ခိုအောင်း ပဋိသနေ လောင်းတွက်

အမေ့ မှာလှိုက်မော သောကဇောနှင့်

ရင်နှင့်အမျှ ဆုတောင်းရသည်

ဒါကို အမေ့သား သိစေချင်ပါသည်။

ရင်မှမွေးဖွား ချစ်သွေးသားတွက်

အမေ့  မှာနင့်မော မေတ္တာဇောဖြင့်

မြေဇာပင်ဖြစ် သားလှချစ်ကို

ကြည်လင် မျက်နှာ စုံအင်္ဂါနှင့်

တွေ့မှ သောကပြေပျောက်ရသည်

ဒါကို ချစ်သား သိစေချင်ပါသည်။

နှစ်…..လ…..တွေကြာ

အမေ့သည်းညှာလည်း

“ကောင်း” စွာ အရွယ်ရောက်ခဲ့ပြီ။

နှောင်းက ဝေဒနာ ပျောက်ခဲ့ပြီ။

မူလ၊အလယ်၊ဆယ်တန်း အရွယ်ထိ

သိ တတ် ပညာ ဖွေရှာရတွင်

“သန့်” ရှင်းကြည်မြ သားဘ၀မှာ

အမေ့ သစ္စာအောက် ဥာဏ်ရောက်တောက်ပြီ။

ဒါကို ချစ်သား သိစေချင်ပါသည်။

ကြွယ်ဝပြည့်စုံ ပညာဂုဏ်တို့

ရှေ့ဆက်တက်လှမ်း သယ်ပိုးထမ်းလည်း

ပေါ် “လွင်” တောက်ပ စန္ဒာလသို့

လင်းစေရမည် မေတ္တာရည်လျှက်

ထွေးပွေ့ဖက်ထား အမေ့အားသည်

လွှမ်းခြုံရံထား သစ္စာအားသည်

အမေ့သားကောင်းတွက် ဖြစ်စေသော်…..

 

ချစ်တဲ့

မေမေ (၅.၇..၂၀၁၂)

 

 

ညီလေး ကောင်းသန့်လွင် အတွက် မေမေ ရေးပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ညီလေးက ဒီနှစ်ဆယ်တန်းဖြေရမှာဆိုတော့ သူ့အခြေအနေ၊သတ်မှတ်ချက်တွေအရ ကျွန်တော့်ထက်ပိုပြီး ဖိအားတွေခံစားနေရချိန်မှာ မေမေကနေ သူ့သားငယ်အတွက် အားပေးစကား ပြောချင်တဲ့ မေတ္တာစကားလုံးတွေကို စာစီကုံးထားတာပါ။

မေမေ ရဲ့ မေတ္တာတွေက ကျွန်တော်တို့ ညီအကိုနှစ်ယောက်အပေါ်မှာ အချိန်ပြည့်အမြဲတမ်းလွှမ်းခြုံထားသလိုပါပဲ။ငယ်ငယ်ကတည်းက မေမေကပဲ အမေ့နေရာ၊အဖေ့နေရာကနေ ကျွန်တော်တို့အပေါ် ချစ်ခဲ့တယ်။နောက်ပြီး မေမေ နဲ့ ကျွန်တော်တို့ကြား ဆက်ဆံရေးက ပွင့်လင်းတယ်။နွေးထွေးတယ်။

ကျွန်တော်တို့ညီအကိုတွေ ဘယ်နေရာပဲရောက်ရောက်၊ကျောင်းသားတွေဖြစ်နေတုန်းဆိုတော့ ဘယ်လိုစာမေးပွဲပဲဖြေဖြေ မေမေရဲ့ မေတ္တာပို့သံ၊အားပေးသံ ကိုကြားရမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာတဲ့အထိ မေမေရဲ့စွမ်းအားက ကျွန်တော်တို့ကို စိုးမိုးနိုင်စွမ်းရှိပါတယ်။

Advertisements

3 responses to “ချစ်သား ကောင်း အတွက်

  1. မင်းမေမေကသိပ်တော်တာပဲနော်။ဒီလိုမေမေမျိုးရှိမှတော့မင်းအရာအားလုံးကိုဖြတ်ကျော်လိုက်စမ်းကွာ။မင်းမေမေရဲ့ကဗျာကစာဖတ်သူအမကိုတောင်အားရှိသွားစေတယ်။

  2. အမေ အကြောင်းရေးထားတဲ့ ကဗျာတွေ၊ စာတွေ ဖတ်မိရင် အရမ်းဆိုးခဲ့တာကို နောင်တရတယ်။ အဲလို ခံစားမှုမျိုးကို မခံစားချင်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s