ကလေးမြို့

  • ဟောဒီ…..မြို့ကလေး ပေါ့
  • သူ့ကိုယ်သူ “ကလေး” တဲ့…

မြို့ကလေးရဲ့ ရင်ဘတ်ထဲမှာ

ပြောင်းပြန်စီးနေတဲ့ မြစ်တစ်စင်းရှိတယ်….

စကားဝဲ၀ဲလေးနဲ့ မီးခွက်ဈေးလေးရှိတယ်…..

ခရစ္စမတ်အကြို ဓမ္မတေးသံတွေနဲ့

ဝေဆာလှပနေတဲ့ မြို့ကလေး

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီးက ဖြောင့်ဖြူး

ဒီလောက်တောင် လှနေတဲ့မြို့ကလေး

ချင်းတောင်းတန်းကြီးတွေ ငေးကြည့်နေလောက်အောင်

လှနေတဲ့ မြို့ကလေး

  • ဟောဒီ….မြို့ကလေး ပေါ့
  • သူ့ကိုယ်သူ “ကလေး” တဲ့…

(လင်းဖွဲ့အိမ် ရဲ့ ရုပ်ရှင်အမြုတေ၊၂၀၀၉၊မတ်လ မှာ ပါတဲ့ ကဗျာလေးတစ်ပုဒ်ပါ။နေသာ ၁၅ နှစ်ပြည့်ကဗျာစာအုပ်မှာလဲ ပါပါတယ်။ဒီကဗျာလေးကို ဖတ်မိတိုင်း ကလေးမြို့ကို အရမ်းလွမ်းမိတယ်ဗျာ……)

Advertisements

3 responses to “ကလေးမြို့

  1. ကောင်းလိုက်တဲ့ကဗျာလေး
    နောက်လည်းအများကြီးတင်ပေးပါအုံးရှင့်

  2. မင်းက ကလေးကလား။ကလေးမှာအမသိပ်ခင်တဲ့သူငယ်ချင်းရှိတယ်။ဒေါက်တာစန်းလင်းတဲ့။သူလည်းစာရူးပေရူးပဲ။ဆက်ကြိုးစားပါနော်

    • ကလေးမြို့ မှာ ၉တန်း၊၁၀ တန်း သွားတက်တာပါ။နေသာပညာဒါန သင်တန်းမှာပေါ့။ဇာတိကတော့ မုံရွာ ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s