ပထမဆုံး…..

ပထမဆုံး ကိုယ်တိုင်လက်တော့ဝယ်ဖြစ်တဲ့အကြောင်းလေးကို သူငယ်ချင်းများကိုပြောပြချင်လို့ပါ။ကျွန်တော့်ဖေဖေပို့ပေးထားတဲ့ ဘယ်လိုလက်တော့ရွေးချယ်ဝယ်ယူရသလဲ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလဲ သူငယ်ချင်းများကို မျှဝေပေးပါဦးမယ်။ကျွန်တော်တို့ မုံရွာမှာ ICT ပြပွဲကျင်းပတာ သူငယ်ချင်းတို့ internet journal ဖတ်တယ်ဆိုရင်သိနိုင်ပါတယ်။ကျွန်တော်အကိုတစ်ယောက်က E-major နဲ့ ကျောင်းပြီးသွားပါပြီ။ဘွဲ့ယူဖို့အတွက် သူက မုံရွာကို ရောက်လာတာပါ။ပြပွဲထဲကို အဲဒီအကိုရယ်၊ကျွန်တော်ရယ် လျှောက်ကြည့်ကြတယ်။အားလားလား..ဘယ်နေရာကြည့်ကြည့်လိုချင်စရာတွေချည်းပဲ။(ဟီး ဟိ..မော်ဒယ်ဂဲလ် တွေကောပါတယ်..) ။စိတ်ကူးထဲမှာ acer tablet တစ်လုံးလောက်ဝယ်ရမလား။core i 5 လောက် laptop တစ်လုံးလောက်ဝယ်ရလား..အလကားယဉ်လို့ရတုန်း တွေးမိနေချိန် ကျွန်တော့်အကိုက ဘွဲ့ယူဖို့ ပါလာတဲ့ပိုက်ဆံတွေနဲ့ လက်တော့ တစ်လုံးလောက်ဝယ်ရအောင် လို့ စကားစလာတယ်။ကျွန်တော်ကလဲ တားတာပေါ့..လုပ်လိုက်ဗျာ ..လို့။ပထမဆုံး Century ကွန်ပျူတာစင်တာက လက်ပကျွတ်တွေကို မွှေကြတယ်။ပါလာတာက ၂ ပုံးလောက် (ရေပုံးမဟုတ်ဘူးနော်) ဆိုတော့ နဲနဲတော့ အားငယ်တာပေါ့။ဒါပေမဲ့ ပြပွဲမှာက အပြင်မှာဝယ်ရတာထက်စာရင် ရွေးချယ်စရာတွေပိုများတယ်ဗျ။အပြင်ဆိုင်တွေမှာဝယ်ရင် ပိုက်ဆံမလောက်ရင် ဟိုဆိုင်ပြေး၊ဒီဆိုင်ပြေး ဖြစ်နေဦးမှာလေ။ခုက Hall ခန်းတစ်ခုထဲဆိုတော့ ဟိုဆိုင်၊ဒီဆိုင်ပြေးလဲ ဘာမှပူစရာမလိုတော့ဘူး။နောက်ပြီး discount တွေလဲချထားတယ်ဆိုတော့ အဆင်ပြေပါတယ်။ပစ္စည်းအရည်အသွေးကတော့ ဘယ်ပြည့်စုံနိုင်မလဲဗျာ။အဲဒီဆိုင်မှာက acer,IBM,dell အမျိုးအစားတွေရှိတယ်။၁ ပုံးခွဲလောက်ဆို လက်ပကျွတ် ရနိုင်ပါပြီ။ဒါပေမဲ့ ဘယ်အမျိုးအစားက ပိုကောင်းလဲ ကျွန်တော် သေသေချာချာမသိဘူးဗျ။ဝေခွဲမရတာနဲ့ Fujitsu လက်ပကျွတ်စင်တာကိုပြေးကြပြန်တယ်။Fujitsu က အကြမ်းခံတယ်။ဒါပေမဲ့ battery အရည်အသွေးသိပ်မကောင်းဘူးလို့ ကျွန်တော် ကြားဘူးတယ်။dell ကတော့ ၁ ပုံးခွဲပတ်ဝန်းကျင်နဲ့ အကောင်းစားမရနိုင်ပေမဲ့ battery ကနာမည်ကြီးတယ်တဲ့။ Toshiba မှာကျတော့ wifi စနစ်မပါဘူးလေ။dell မှာ အဲဒီစနစ်ပါတယ်။dell ကိုနှစ်ယောက်သဘောနဲ့ စိတ်ကြိုက်ဖြစ်သွားပေမဲ့ ဈေးနှုန်းမှာ နဲနဲ ကွိုင်တက်ပြီဗျ။ရန်ကုန်သူ အရောင်းတာဝန်ခံမလေးတွေကတော့ တကယ့်လက်ဖျားခါလောက်ပါပေတယ်ဗျာ။အရမ်းစိတ်ရှည်ကြတယ်။ပထမဆုံးကိုယ်တိုင်ဝယ်တာဆိုတော့ ဂျီးများနေတဲ့ ကျွန်တော့်ကို သဘောပေါက်နားလည်အောင်ရှင်းပြပေးကြတယ်။ပစ္စည်းအမျိုးအစား၊အရည်အသွေးတွေကို နှိုင်းယှဉ်ပြပေးတယ်။သူတို့ကို တကယ်ကျေးဇူးတင်မိပါတယ်။customer ကိုအလေးထားတဲ့ စိတ်ဓာတ်က တစ်နိုင်ငံလုံးက ဆိုင်တွေမှာရှိသင့်တယ်ဗျ။၁ နာရီခွဲလောက် ဟိုမေး၊ဒီမေး လုပ်နေတဲ့ ကျွန်တော့်ကို အပြုံးမပျက်ရှင်းပြနေတဲ့ သူတို့ကို ခုမှ ပြန်တောင်းပန်ချင်တော့တယ်။တကယ်လို့ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် စိတ်ဆိုးမာန်ဆိုးတွေဖြစ်နေလောက်ပြီ။ကြားဘူးနားဝ ဗဟုသုတတွေနဲ့ လက်ပကျွတ်ကို ဟိုလျှောက်ဖွင့်ကြည့်၊ဒီလျှောက်ဖွင့်ကြည့် လုပ်ပြီး စိတ်ကြိုက် အဖြစ်နဲ့ အောင်မြင်စွာ ကျွန်တော် dell လက်ပကျွတ်တစ်လုံး ကိုရွေးချယ်လိုက်ပါတယ်။

          လက်ပကျွတ်ဒုက္ခက ဒီမှာတင် မပြီးသေးဘူးဗျ။မကြာခင်ရောက်လာတော့မယ့် virusတွေ၊malware တွေအတွက် ပြင်ဆင်ရဦးမယ်လေ။ဆိုင်ကနေပြီးတော့ avast antivirus software ထည့်ပေးခဲ့ပါတယ်။ဒါပေမဲ့ သေချာချင်တဲ့အတွက် ကျောက်ကာလမ်းက smart computer service center ကို ပြေး၊ကျန်သေးတဲ့ မုန့်ဖိုးရိုစုမဲ့စုလေးနဲ့ ok virus cleaner တစ်ခွေဝယ်ခဲ့တယ်။ယုံကြည်မှုအပြည့်နဲ့ software ကိုကိုယ်တိုင်တင်မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။စိတ်ကူးအိမ်မက်တွေအပြည့်နဲ့ကျွန်တော့်ရဲ့အိမ်အပြန်လမ်းက အရမ်းတက်ကြွနေတယ်လို့ထင်နိုင်ပါတယ်။Mr.လက်ပကျွတ် က သူ ကောင်းဖို့အတွက် ကျွန်တော့်ကြိုးစားမှုကို နားလည်မပေးပဲ တုန့်ပြန်မှုတွေရှိလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူးလေ။ပထမဆုံး ကျွန်တော်ရင်ဆိုင်လိုက်ရတာက CD ထဲက လမ်းညွှန်တွေကို ဘယ်လိုလိုက်မှတ်ပြီး software တွေကို run ရမလဲ ဆိုတာပါပဲ။အိုးနင်းခွက်နင်းနဲ့ ဒီပြသနာကို

ဖြေရှင်းနိုင်ခဲ့ပြီလို့ စိတ်ပေါ့ပါးသွားချိန်မှာ Mr.လက်ပကျွတ် က အရမ်းပင်ပန်းသွားတဲ့ လူတစ်ယောက်လို အနားယူသွားတယ်ဗျ။နိုးလို့လဲမရ၊ပိတ်လို့လဲမရနဲ့ သူ ၁၅ မိနစ်လောက် အချိန်ယူသွားပြီးနောက် ကျွန်တော့်ကိုမျက်စောင်းတယ်ဗျ။ “မင်း ငါ့ကို ဘာလို့နှိုးတာလဲ” စိတ်ဆိုးမာန်ဆိုးနဲ့ driver ကိုပိတ်ပစ်လိုက်တယ်ဗျ။စက်ရပ်သွားတုန်းကတောင် ချွေးတွေပြန်နေတဲ့ ကျွန်တော်အတွင် drive ကလုံးဝဖွင့်လို့မရတဲ့အခြေအနေမျိုးက မဟာဒုက္ခကြီးပါပဲ။ကျွန်တော် တစ်ယောက်တည်း မနိုင်တော့တဲ့ Mr.လက်ပကျွတ် ကို ဆုံးမဖို့ နေပြည်တော်မြို့တော်ကြီးကို ရောက်နေတဲ့ ဦးလေးတစ်ယောက် ကိုလှမ်းအကူအညီတောင်းလိုက်တယ်။ဦးလေးရဲ့အကြံပေးချက်တွေနဲ့ Mr.လက်ပကျွတ် ကို ချော့လိုက်၊ခြောက်လိုက် ဟို လှမ်းဖွင့် ဒီလှမ်းဖွင့် လုပ်ပေမဲ့ မောင်မင်းကြီးသားက တုတ်တုတ်တောင်မလှုပ်ဖူးဗျာ။ကြာလာတော့ လူက စိတ်လဲပျက်၊ဒေါသလဲထွက်လာတာနဲ့ ကဲ မှတ်ကရော ဆိုပြီး shut down ချပစ်လိုက်တယ်။စိတ်နာတာနဲ့ အဲဒီကောင်စုတ်ကို ပစ်ထားပြီး ကိုယ့်သဘောဖွင့်လို့ရတဲ့ video ခွေထိုင်ကြည့်နေလိုက်တယ်။ဇာတ်ကားတစ်ဝက်လောက်ရောက်တော့ ဂရုဏာစိတ်လေးနဲ့ပြန်ဖွင့်ကြည့်လိုက်တယ်။အဲ..မောင်မင်းကြီးသားကလည်း မာနတွေလျှော့သွားပြီထင်တယ်။driver လဲပြန်ပွင့်၊စာရိုက်ရတာလဲ အကုန်အဆင်ပြေ (ဒီဘလော့ပြီးတဲ့ထိတိုင်) သဘောတွေကောင်းပြီး ကျွန်တော့်အလိုလိုက်တော့တယ်ဗျ။ကဲ..သူငယ်ချင်းတို့လဲ ဖတ်ရတာအရမ်းပျင်းနေတော့မယ်။(ရေးတာက ဟာသ ပုံစံမျိုး ကိုရည်ရွယ်တာပါ  😛 )ဘာရယ်မဟုတ် ရေးစရာဇာတ်လမ်းလဲခေါင်းထဲမပေါ်တာနဲ့ ဒီနေ့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးကို ရေးကြည့်တာပါ။ဟာသ တွေသိပ်မပြောတတ်၊မရေးတတ်တော့ အဆင်ပြေပါ့ပြေပါ့မလား။ဒီ ဘလော့လေးကနေ သူငယ်ချင်းတို့ ရယ်ရရင်၊ဗဟုသုတတစ်ခုခု ရသွားရင် ကျွန်တော်ကြိုးစားရကျိုးနပ်ပါပြီ။အားလုံးကို ကျေးဇူးတင်ပါတယ်။ပျော်ရွှင်ကြပါစေ…….

Advertisements

One response to “ပထမဆုံး…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s